Wednesday 3 February 2010

အများသိစေရန်


နီပေါလုမ္ဗိနီရှိ သမိုင်းဝင်ဦးသန့်ဇရပ် မူလအတိုင်းထိန်းသိမ်းလိုသည်ဟု မြန်မာဘုန်းတော်ကြီးအချို့က အဆိုပြု

မိုးမခအထောက်တော် ၀၀၃
ဖေဖော်ဝါရီ ၃၊ ၂၀၁၀

ပြီးခဲ့သည့် ဇန်န၀ါရီ ၃၁ မိုးမခစာဖတ်သူပေးစာအရ နီပေါနိုင်ငံ၊ လုမ္ဗိနီဥယျာဉ်ရှိ သာသနာ့မြေတွင်ရှိသော ဦးသန့်ဇရပ်ကို အနီးရှိ နီပေါဘုန်းကြီးကျောင်းမှ စာကြည့်ဆောင်တခုအဖြစ် ပြောင်းလဲဆောက်လုပ်ရန် စီစဉ်နေကြောင်း၊ သို့ဖြစ်ပါ၍ မြန်မာရဟန်းသံဃာတို့နှင့် ဘုရားဖူးဧည့်သည်တို့က သမိုင်းဝင်ဦးသန့်ဇရပ် ကို ပျောက်ဆုံး ပျောက်ပျက်သွားမည်ကို စိုးရိမ်ကြောင်း ထုတ်ဖော်ပြောဆိုလာကြသည်ကို ကြားသိခဲ့ရသည်။ ညွှန်း - http://moemaka.com/index.php?option=com_content&task=view&id=5798&Itemid=41
မိုးမခက ဆက်လက်မေးမြန်းကြည့်ရာ အိန္ဒိယပြည်တွင်းရှိ နာလန်ဒါတက္ကသိုလ်ဝင်းအတွင်းရှိ မြန်မာဆရာတော်တဦးက ပြန်လည်ဖြေကြားရာတွင် - ထိုကိစ္စနှင့် ပတ်သက်ပြီး ဆက်လက်စုံစမ်းပြီးနောက် ဦးသန့်ဇရပ်ကို မူလအတိုင်း ထိန်းသိမ်းပြသထားနိုင်ရန်အတွက် မေတ္တာရပ်ခံရန် ကြိုးစားမည်ဖြစ်ကြောင်းပြောကြားသည်။


၎င်းက ဥပမာပေးရာတွင် - လွန်ခဲ့သည့် ၁၉၅၁ နိုဝင်ဘာ ၂၀ ယခုနာလန်ဒါတက္ကသိုလ်နယ်မြေကြီးကို ထူထောင်ခဲ့ရာ မူလအုတ်မြစ်ချသူ တိုင်းပြည်နှင့် ဘာသာရေးခေါင်းဆောင်များ စိုက်ပျိုးခဲ့သည့် ညောင်ပင်ကြီး ရှိကြောင်း၊ ၂၀၀၈ ဒီဇင်ဘာတွင် ထိုညောင်ပင်ကြီး ပြိုလဲသွားရာ ထိုသမိုင်းဝင်ညောင်ပင်ကြီးကို လဲနေသည့်အတိုင်း ထိန်းသိမ်းထားရှိကြောင်း၊ နိုင်ငံတော်အစိုးရနှင့် တက္ကသိုလ်တာဝန်ရှိသူများက သမိုင်းမော်ကွန်းအထိမ်းအမှတ်ကို မူလအတိုင်း ထားရှိလိုသောကြောင့် ဖြစ်ကြောင်း၊ သို့ဖြစ်ပါ၍ နီပေါနိုင်ငံ၊ လုမ္ဗိနီဥယျာဉ်ကြီး၏ သာသနာ့နယ်မြေအတွင်း ထိုနယ်မြေကြီး ဖွံဖြိုးစည်ပင်အောင် အုတ်မြစ်ချပေးသူ၊ စီစဉ်ပေးသူ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဦးသန့်၏ အမှတ်တရ လှူခဲ့သည့် ထိုဇရပ်ကျောင်းဆောင်ကိုလည်း ဒေသခံများနှင့် တာဝန်ရှိသူတို့က ပရိသတ်နှင့်အတူ ၀ိုင်းဝန်းထိန်းသိမ်းကြစေလိုကြောင်း၊ မြန်မာတို့ကလည်း ၎င်းတို့၏ နိုင်ငံဂုဏ်ဆောင်အဖြစ်၎င်း၊ နိုင်ငံတကာကလည်း နိုင်ငံ့ခေါင်းဆောင်ကောင်းတဦးအဖြစ်၎င်း ဂုဏ်ယူကြလျက် သမိုင်းဝင်မှတ်တိုင်ကို မူလအတိုင်း စောင့်ရှောက်ကြရန် ၀ိုင်းဝန်းတိုက်တွန်းပေးကြပါဟု တောင်းပန်လိုကြောင်း ပြောကြားလိုက်သည်။
Remove formatting from selection
ဓာတ်ပုံပေးပို့သူက ရှင်းပြရာတွင် ထိုနီပေါဘုန်းကြီးကျောင်း၏ အနောက်တွင် ဦးသန့်ဇရပ်ရှိကြောင်း၊ မူလက ဦးသန့်ဇရပ် သီးသန့်ရှိနေရာမှ ဘုန်းကြီးကျောင်းများ၊ ရိပ်သာများ လွတ်လပ်စွာ ဆောက်လုပ်ခွင့်၊ နေထိုင်ခွင့်ပေးကြသဖြင့် ဦးသန့်ဇရပ်မှာ ထိုကျောင်းနောက်သို့ ရောက်သွားကြောင်း၊ ထိုဇရပ်မှ ဦးသန့်၏ ဓာတ်ပုံ၊ နိုင်ငံခေါင်းဆောင်များနှင့် ရိုက်ကူးထားသည့် ဓာတ်ပုံများကိုလည်း ထိုဇရပ်မှ ရွှေ့ပြောင်းထားသည်ကို တွေ့ရကြောင်း၊ နီပေါမိသားစုတစုက ထိုဇရပ်တွင် နေထိုင်သဖြင့် အတွင်းသို့ဝင်ပြီး ဓာတ်ပုံရိုက်ခွင့် မရကြောင်း၊ ပုံတွင် မြင်ကြရသည့်အတိုင်း အဆောက်အအုံမှာ ပျက်စီးခြင်း မရှိသေးကြောင်း မိုးမခသို့ ပြောပြသည်။

ထိုနယ်မြေရှိ သံဃာတော်အချို့နှင့် ဒကာ၊ ဒကာမများက ဦးသန့်၏ ကျန်ရစ်သူ မျိုးဆက်များသို့၎င်း၊ မြန်မာရွှေကျောင်းမှတဆင့် မြန်မာစစ်အစိုးရ အာဏာပိုင်များသို့၎င်း ဆက်သွယ် အကြောင်းကြားပြီး ၎င်းတို့၏ သဘောထားများကို စုံစမ်းရန် ကြိုးစားကြမည်ဟုလည်း သိရသည်။

နီပေါ လုမ္ဗနီဥယျာဉ်က သမိုင်းဝင်ဦးသန့်ဇရပ်ကို ဖျက်သိမ်းကြတော့မှာလား

မိုးမခစာဖတ်သူတဦး - နီပေါ
ဇန်န၀ါရီ ၃၁၊ ၂၀၁၀

မိုးမခ၀ိုင်းတော်သားများခင်ဗျား … မနေ့ညက မိတ်ဆွေတဦးက ဖုန်းဆက်ပြီးပြောပါတယ်။ နီပေါနိုင်ငံ၊ လုမ္ဗနီဥယျာဉ်မှာရှိတဲ့ မြန်မာ့ဂုဏ်ဆောင် ကုလသမဂ္ဂအတွင်းရေးမှူး ဦးသန့် အထိမ်းအမှတ်ဇရပ်ကို အဲသည်က ဂေါပကအဖွဲ့က ဖျက်ပြီးတော့ စာကြည့်တိုက်တဆောင် ဆောက်ကြဖို့ စီစဉ်နေပါတယ်တဲ့။ အဲသည်အတွက် မြန်မာဘုန်းတော်ကြီးကျောင်းတကျောင်းဖြစ်တဲ့ ရွှေကျောင်းက ဆရာတော်တွေကို အကြောင်းကြားထားပြီး ဖြစ်တယ်လို့ ဆိုပါတယ်။ ခက်တာက သမိုင်းဝင်ဦးသန့်ဇရပ်ကို ဖျက်ပြီးတော့ အစားထိုးမယ့် စာကြည့်တိုက်ဆိုတာက ဦးသန့် အထိမ်းအမှတ်အဖြစ် ဆက်လက် သတ်မှတ်ပေးမှာလား ဆိုတဲ့ မေးခွန်း ဖြစ်ပါတယ်။
အဲသည်သတင်းကို ကြားတဲ့ ဘုန်းတော်ကြီးတွေ၊ ဘုရားဖူး မြန်မာမိသားစုတွေကတော့ စိတ်မကောင်းကြပါ။ ဦးသန့်ဇရပ်ဆိုတာက အခုထက်ထိ သုံးလို့ မရလောက်အောင် ပျက်စီးယိုယွင်းခြင်း မဖြစ်သေးပါ။ နောက်အရေးကြီးတာတခုကတော့ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူး ဦးသန့် တာဝန်ထမ်းဆောင်ခဲ့စဉ်က ဗုဒ္ဓဘာသာဝင်များရဲ့ အထွတ်အမြတ်ဖြစ်တဲ့ ဘုရားပွင့်ရာ အရပ်များကို သမိုင်းဝင် အထိမ်းအမှတ်အဖြစ် ထိန်းသိမ်းပြုပြင်ရန် ကုလသမဂ္ဂရဲ့ စီမံကိန်းအဖြစ် ၁၉၆၇ နှစ်ကတည်းက အဆိုတင်သွင်းခဲ့ပြီး အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ပါတယ်။

အဲသည်ထဲက ဘုရားရှင်မွေးဖွားရာ လုမ္ဗနီဥယျာဉ်ကို နီပေါအစိုးရအကူအညီနဲ့ ၁၉၇၀ မှာ ပြုပြင်နိုင်ခဲ့ပြီး ဦးသန့်ဇရပ်ကို သမိုင်းဝင်အထိမ်းအမှတ်အဖြစ် လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။ ၁၉၉၀ နောက်ပိုင်းမှာ နီပေါဘုရင်က နိုင်ငံတကာမှ ဗုဒ္ဓဘာသာဘုန်းတော်ကြီးများနဲ့ သာသနာပြုများကို အဲသည်သာသနာ့မြေမှာ လွတ်လပ်စွာ ဘုန်းကြီးကျောင်းများ၊ ရိပ်သာများ ဆောက်ခွင့်ပေးခဲ့ပြီးနောက် ဘုရာဖူးများနဲ့ စည်ကားလာခဲ့ပါတယ်။ အဲသည်ထဲမှာ မြန်မာပြည်က ရွှေကျောင်းနဲ့ ရွှေတိဂုံပုံတူ စေတီတော်ကြီးက ဘုရားဖူးများအတွက် ထင်ရှားတဲ့ အမှတ်အသား ဖြစ်လာတယ်လို့ ဆိုပါတယ်။
အခုအချိန်မှာတော့ နီပေါနိုင်ငံရဲ့ ဘာသာရေးခရီးသွားဈေးကွက်ကြီးဖြစ်နေပြီ ဖြစ်တဲ့ လုမ္ဗနီဥယျာဉ်မှာ သာသနာပြု အဆောက်အဦအသစ်အဆန်းတွေ အပြိုင်းအရိုင်းနဲ့ နိုင်ငံတကာက ဗုဒ္ဓဘာသာဝင်ပေါင်းစုံရဲ့ ၀င်ထွက်စည်ကားရာ အဲသည်သမိုင်းမော်ကွန်းမြေကို ဖော်ထုတ် အားပေးခဲ့သူ မြန်မာပြည်ဖွား၊ ဗုဒ္ဓဘာသာဝင်၊ ကုလအထွေထွေအတွင်းရေးမှူးချုပ်၊ မွေးနေ့ နှစ် ၁၀၀ ပြည့်ခဲ့သူ ဦးသန့် အတွက် အထိမ်းအမှတ်နေရာတခု ကျန်ရစ်စေချင်တာကတော့ မြန်မာအမျိုးသားတွေရဲ့ ဆန္ဒဖြစ်ပါတယ်လို့ ပြောကြပါတယ်။
နက်ဖြန်အချိန်ရရင် အဲသည်အကြောင်းတွေ အသေးစိတ်စုံစမ်းပြီး ပို့ပေးပါဦးမယ်။ ဓာတ်ပုံတွေကတော့ - အင်တာနက်ပေါ်ကတွေ့တဲ့ ဦးသန့်လှူခဲ့တဲ့ ဘုန်းကြီးကျောင်း၊ ပြီးတော့ မြန်မာပြည်က ဆောက်ခဲ့တဲ့ မြန်မာရွှေကျောင်းဓာတ်ပုံပါ။

မိုးမခမှ ခွင့်တောင်းခြင်းမရှိဘဲ ကူးယူဖော်ပြပါသည်။

Tuesday 2 February 2010

ပြည်ထောင်စု အမျိုးသားကောင်စီ မြန်မာနိုင်ငံ (NCUM) ဖွဲ့စည်းခြင်း


ပြည်ထောင်စု အမျိုးသားကောင်စီ မြန်မာနိုင်ငံ (NCUM) ကို ပြည်တွင်းနိုင်ငံရေး ဦးဆောင်အဖွဲ့များမှ ဖွဲ့စည်း



ပြည်ထောင်စု အမျိုးသားကောင်စီ မြန်မာနိုင်ငံ (National Council of Union of Myanmar) ကို ပြည်တွင်း ပြည်ပရှိ နိုင်ငံရေး အင်အား အဖွဲ့ အစည်းပေါင်း (၁၂၀) ကျော်ဖြင့် ဖွဲ့စည်း ထားသည့် ဂျီအေဘီ အင်အားစုကြီး ၏ ပြည်တွင်း နိုင်ငံရေး ဦးဆောင် အဖွဲ့ ဖြစ်သည့် အမျိုးသား လွတ်မြောက်ရေး လှုပ်ရှားမှု အကောင် အထည် ဖေါ်ရေး ကော်မီတီ မှ ပြည်တွင်းရှိ တိုင်းရင်းသား ခေါင်းဆောင် (အချို့) နှင့် ပူးပေါင်းပြီး နိုင်ငံရေး တိုက်ပွဲများကို အောင်ပွဲ ရသည်ထိ ဆက်လက် ဦးဆောင် သွားနိုင်ရန် ယနေ့ နံနက်ပိုင်းက တိုးချဲ့ ဖွဲ့စီး လိုက်ကြောင်း သတင်း ရရှိပါသည်။

ပြည်ထောင်စု အမျိုးသားကောင်စီ မြန်မာနိုင်ငံ (NCUM) မှ ပြည်ပ ပြောရေးဆိုခွင့် ရှိသူ ကိုရွှေစင်ထွန်းမှ ယခုလို တိုးချဲ့ ဖွဲ့စည်း ရခြင်းနှင့် ပတ်သက်ပြီး ယခုလို ပြောပြပါသည်။ ကျွန်တော်တို့ ပြည်ထောင်စု အမျိုးသားကောင်စီ မှာ မြန်မာပြည် အနယ်နယ် အရပ်ရပ်ရှိ တိုင်းဒေသ များမှ ဒီမိုကရေစီ အင်အားစုများ၊ ပြည်နယ် ဒေသ များမှ တိုင်းရင်းသား ဒီမိုကရေစီ အင်အားစုများ၊ နှင့် (တိုင်းရင်းသား ငြိမ်းအဖွဲ့ ဒီမိုကရေစီအင်အားစုများ) တို့မှ ပူးပေါင်းပါဝင် ဦးဆောင် ဖွဲ့စည်းခြင်း ဖြစ်ပါတယ်။ ကျွန်တော်တို့ အနေဖြင့် အမျိုးသား လွတ်မြောက်ရေး လှုပ်ရှားမှု အကောင်အထည်ဖော် လုပ်ဆောင် နိုင်ရေးတွင် တိုင်းရင်းသား ခေါင်းဆောင်များ၊ အဖွဲ့အစည်းများမှ တညီ တညွတ်တည်း တန်းတူ ပါဝင် ဦးဆောင် ရေးသည် မဟာဗျူဟာ မြောက်သည့် နိုင်ငံရေး ရှေ့လုပ်ငန်းစဉ် တရပ်အဖြစ် ယုံကြည်သည့် အတွက် တိုင်းရင်းသား ခေါင်းဆောင်များ အား တိုင်းပြည်၏ အမျိုးသား ခေါင်းဆောင်များ အဖြစ် တဆင့် တက်ပြီး ဦးဆောင် မှုတွင် ပါဝင် နိုင်ရေး အတွက် ရည်ရွယ်ပါတယ်၊ ရှေ့ဆက် လုပ်ဆောင် ကြမည့် စေ့စပ် ဖြန်ဖြေ ဆွေးနွေး ခြင်းမှ အစ နိဂုံးချုပ် အဆုံးအဖြတ် ပေးမည့် တိုက်ပွဲအထိ အလုပ် တခုချင်းစီ နှင့် ခြေလှမ်း တလှမ်း ရှေ့သို့ လှမ်းတက်တိုင်း တစ်မျိုးသားလုံး လွတ်မြောက်ရေး အတွက် အာမခံချက် အပြည့် ဖြစ်နိုင်ရေး အတွက်လည်း အလေးအနက် ရည်ရွယ်ပါတယ်။

အနာဂါတ်တိုင်းပြည် တည်ငြိမ် အေးချမ်းမှု ရရှိ နိုင်ရေးသည် ဖယ်ဒရာယ်ပြည်တောင်စု တခု တည်ဆောင်နိုင်မှ ရရှိမည် ဖြစ်သည်။ နိုင်ငံရေး တန်းတူညီမျှမှု ရှိရေး နှင့် လွတ်လပ်စွာ အတူ ယှဉ်သန် တိုးတက်မှု ရရှိရေး အတွက် ဖယ်ဒရာယ်ပြည်ထောင်စု တည်ဆောက် နိုင်ရေး မူကို ကိုင်စွဲပြီး အတူ တကွ စုစည်း ညီညွတ် စွာဖြင့် ဒီမိုကရေစီ အောင်ပွဲ ရသည်ထိ ပူးပေါင်းလုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။

နအဖ စစ်အစိုးရမှ ဦးဆောင် ကျင်းပ ပေးမည်ဆိုသည့် ၂ဝဝ၈ (နာဂစ်) ခြေခံဥပဒေအား အခြေခံသည့် ရွေးကောက် ပွဲသည် တရားဝင် စစ်အုပ်ချုပ်ရေး အသွင်အဖြစ် (သို့) စစ်ဂိုဏ်းဂဏ အုပ်ချုပ်ရေး အသွင် အဖြစ်သို့ ပြောင်းလဲ ရေးသာ ဖြစ်ပါတယ် ထိုကနေ တဆင့် လွှတ်တော်တွင်း ပြုပြင် ပြောင်းလဲ ရေးသည် နောင် နှစ်ပေါင်း ၂ဝ ကျော် ကြာမည်ဆိုလျှင် တိုင်းရင်းသား ပြည်သူ အားလုံးတို့၏ ဘဝများသည် တိုင်းတပါးသားများ၏ လက်ဝေခံ ဘဝများ အဖြစ်သို့ ကျရောက် သွားမည် ဖြစ်ပါတယ်။ ဒါကြောင့် ၂ဝ၁ဝ ရွေးကောက်ပွဲအား ကျွန်တော်တို့မှ ပြတ်သားစွာ ဆန့်ကျင်ပြီး နအဖ စစ်အုပ်ချုပ်ရေး ယန္ဒရားသည် အမျိုးသား လွတ်မြောက်ရေး တိုက်ပွဲများ အပြီးတွင် လုံးဝ ပျောက်ကွယ် သွားရန် ၊့ ပြည်သူ လူထုအား အမှန် တကယ် ကိုယ်စား ပြုမည့် အစိုးရ တရပ်ကို အဆုံး အဖြတ် ပေးမည့် တိုက်ပွဲများ အကြားတွင် ဖွဲ့စည်းပြီး အသွင် ကူးပြောင်းသည့် ကာလများအား ဆက်လက် ဦးဆောင် သွားရန် နှင့် တိုင်းပြည်အား ကမ္ဘာအဆင့်မှီ တိုင်းပြည် အဖြစ်သို့ ရောက်ရှိနိုင်ရန် နေ့ချင်း ညချင်း ပြန်လည် တည်ဆောက်ရန် ပြည်ထောင်စု အမျိုးသားကောင်စီ မြန်မာနိုင်ငံ (NCUM) ကို ဖွဲ့စည်းရခြင်း ဖြစ်ပါတယ်။

အမျိုးသားလွတ်မြောက်ရေးလှုပ်ရှားမှုအကောင်အထည် ဖေါ်ဆောင်ရေး ကော်မီတီ သည် ပြည်တွင်းရှိ နိုင်ငံရေး မြေအောက် အဖွဲ့ (၁၄) ဖွဲ့ နှင့် ပူးပေါင်း ဖွဲ့စည်းထားသော အဖွဲ့ ဖြစ်သည်။


၁ . ၂ . ၂၀၁၀ l HTWD